ဆော်ဒီမှာ မင်္ဂလာဦးည မကျေနပ်လို့တရားဆွဲဆိုပဲ (ဘယ်လို လူမျိုးတွေပါလိမ့် ဖတ်သာကြည့်ကြပေတော့)

ဆော်ဒီအာရေးဗီးယားမှ အသက် ၉၀ အရွယ်ရှိ သတိုးသား အဖိုးကြီး တစ်ဦးသည် အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် မင်္ဂလာဆောင်ရာ မင်္ဂလာဦးညတွင် သတိုးသမီးမှ အိပ်ရာခန်းထဲ အ၀င်မခံ ဘဲ တံခါး ပိတ်ထားခဲ့သည်ဟု သိရသည်။

မင်္ဂလာဆောင်ပြီး နှစ်ညတိုင်တိုင် သတိုးသား အဖိုးကြီးမှ အိပ်ခန်းထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့သော် လည်း သတိုးသမီးမှ တံခါး ပိတ်ထားခဲ့ပြီးနောက်တစ်နေ့တွင် သတိုးသမီး ဖြစ်သူမှာ သူမ မိဘအိမ်သို့ ထွက်ပြေး သွားခဲ့သည်ဟု ဆိုသည်။

သတိုးသား အဖိုးကြီးသည် အမျိုးသမီးငယ်၏ ဖခင် ယီမင် လူမျိုးနှင့် မိခင် ဆော်ဒီအာရေးဗီးယား အမျိုး သမီး အား မင်္ဂလာခန်းဝင်ကြေး အမေရိကန် ၁၇၅၀၀ ပေးခဲ့သည်ဟု ဆိုသည်။

မင်္ဂလာဦးည ရောက်ပြီးမှ အာဝါဟ၀ိဝါဟ မပြုလုပ်ခဲ့ရ၍ အထူး မကျေမချမ်း ဖြစ်နေသော သတိုးသား အဖိုးကြီး သည် အမျိုးသမီးငယ် ဖခင်နှင့် မိခင် ဖြစ်သူအား တရားစွဲဆိုသွားမည်ဟု ဆိုသည်။

အမျိုးသမီးငယ်ကို သူနေအိမ်သို့ ပြန်ပို့ရန် (သို့မဟုတ်) ခန်းဝင်ကြေးကိုပြန်ပေးရန် သတိုးသား အဖိုးကြီး က တောင်း ဆိုသွားရန် စီစဉ်နေသည်ဟု ဆိုသည်။

ယခုအခါ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်အား ကယ်တင်ရန်ဆော်ဒီ လူ့အခွင့်အရေး လူပ်ရှား သူများက အစိုးရအား တောင်းဆိုထားပြီး ယခုကဲ့သို့ အသက်အရွယ် ကြီးရင့်နေသူ တစ်ဦးက အသက် ငယ်ရွယ် သူ အမျိုးသမီးငယ် တစ်ဦးကို လက်ထပ် ယူခြင်း အပေါ် ရှုတ်ချ ကန့်ကွက်နေကြသည်ဟု ဆို သည်။

သူတိုးသား အဖိုးကြီးက မိမိ အနေဖြင့် တရားဝင် လက်ထပ်ယူခြင်းသာဖြစ်ပြီး တစ်စုံတစ်ရာ အမှားလုပ်တာ မရှိပါဟု ပြောကြားသည်ဟု ဆိုသည်။
မိမိနှစ်သက်ရာ ရွေးချယ် ကြည့်ရှုနိုင်ပါသည်... မိမိတင်လိုသည်များကိုလည်း royalbigcat2013@googlemail.com သို့ ပေးပို့နိုင်ပါသည်.. .comment ရေးသွားချင်လျင် no comment သို့မဟုတ် comment ကို ကလစ်ပါ.. Blogger ကြောင်ကြီး