ကာမိုင်းရဲစခန်းအား တိုက်ခိုက် ဖျက်ဆီးမှု အပြည့်အစုံ နှင့် နောက်ဆက်တွဲများ


ယနေ့မနက် ၅ နာရီခန့်မှစပြီး ကေအိုင်အေမှ ကာမိုင်းရဲစခန်းအား ၀င်ရောက်စီနင်း တိုက်ခိုက် ဖျက်စီးသွား သည်ဟု သိရှိရပါသည်။ မနက် ၅ နာရီ ခန့်တွင် ကေအိုင်အေအဖွဲ့ ၁၀၀ ကျော်ခန့် ကာမိုင်းသို့ ရောက်ရှိလာပြီး ကာမိုင်းရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ကာမိုင်းရဲစခန်းတွင် ရဲအင်အား ၃၂ ဦးသာရှိပြီး ကေအိုင်အေ၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အင်အားမမျှသဖြင့် ဆုတ်ခွာသွားခဲ့ပါသည်။ ကေအိုင်အေ မှ ၅ နာရီလောက်မှ ၇ နာရီခွဲ အထိ တိုက်ခိုက် နေတာဖြစ်ပြီး ရဲတွေ ဆုတ်သွားတဲ့အတွက် ကေအိုင်အေ မှ ရဲစခန်းအတွင်းသို့ ၀င်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့သည်။ ကေအိုင်အေများက ရဲစခန်းအတွင်းမှ အဆောက်အဦ ၆ လုံးနဲ့ ကားတစ်စီး ကို မီးရှို့ ဖျက်ဆီး ခဲ့သည်။

ကေအိုင်အေ၏ ကာမိုင်းရဲစခန်း တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦးအပါအ၀င် ၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။ လျှပ်စစ်ဌာနမှ ၀န်ထမ်း ၂ ဦး ပျောက်ဆုံးနေကာ ကေအိုင်အေတွေ ဖမ်းဆီးသွားသည်ဟု ယူဆရ ကြောင်း၊ ပျောက်ဆုံးနေသည့် လျှပ်စစ်ဝန်ထမ်း ဦးသိန်းလွင်၏ ဇနီး ဒေါ်စန်းငွေ၏ ယာပေါင်တွင် ကေအိုင်အေမှ ပစ်ခတ်ခဲ့သော လက်နက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေမှ ရဲစခန်းအား စိတ်ကြိုက် မီးရှို့ဖျက်ဆီးပြီး ၈ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကာမိုင်းရဲစခန်းအနီးရှိ ဒေသခံ တစ်ဦးမှ ပြောဆိုခဲ့သည်။
၁၉- ၁- ၂၀၁၃ ရက်နေ့ နံနက် ၀၄၅၅ အချိန်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းသို့ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်သူ အဖွဲ့မှ အင်အား အလုံး အရင်းဖြင့် စတင် တိုက်ခိုက် ခဲ့ကြောင်း၊ ၀၇၂၀ အချိန်ထိ ရဲစခန်း အတွင်းမှ ရဲတပ်ဖွဲ့ ဝင်များ စုစည်း၍ ပြန်လည် တိုက်ခိုက် ခဲ့ကြောင်း၊ ၀၇၄၅ အချိန်တွင် ရဲစခန်း အတွင်းသို့ ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်၍ ၀၉၄၅ အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်း၊ တပ်မတော် စစ်ကြောင်းများမှ တိုက်ပွဲ ဖြစ်ပွားရာသို့ ချီတက်လျက် ရှိကြောင်းနှင့် အသေးစိတ်
အချက်အလက် များအား ထပ်မံ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

နိုင်ငံတော်သမ္မတရုံးမှ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှစပြီး အစိုးရတပ်ဖွဲ့တွေကို မိမိကိုယ်ကို ကာကွယ်ရုံ သာလုပ်ဆောင်ရန်၊ အပစ်ရပ်ရန် အမိန့်ထုတ်ထားသည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ကေအိုင်အေမှ ၄င်းကြေညာချက်ကို လက်တလုံးခြားလုပ်ဆောင်ပြီး ၅ နာရီမှာ ရဲစခန်းကို ၀င်တိုက်တာလား… ? ဒါမှမဟုတ် ကေအိုင်အေမှ အပစ်အခတ်ရပ်စဲမှုကို မလိုလား၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေတာလားဟု ၄င်း ဒေသခံမှ ဆက်လက်ပြောကြား ပါသည်။


တပ်မတော်က ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ကစပြီး လဂျားယန်ဒေသမှာ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ကာ ကေအိုင်အေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအားလုံးမှာလည်း သမ္မတကြီးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

ဒီနေ့မနက်မှာလည်း နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အန်ဂျီအိုများတက်ရောက်တဲ့ နိုင်ငံတကာဖိုရမ်မှာလည်း သမ္မတကြီး က ငြိမ်းချမ်းရေးဆွေးနွေးဖို့ထပ်ပြီးကမ်းလှမ်းခဲ့ပြီးဖြစ်သည်။။ တပ်မတော်ဘက် က စစ်ရေးဆောင်ရွက်ချက်များရပ်ဆိုင်းသလို ကေအိုင်အေဘက်ကလည်း အလားတူတုန့်ပြန်ဖို့ တိုက်တွန်းခဲ့သည်။

သို့သော် နာရီပိုင်းအတွင်းမှာပင် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မနက် ၄နာရီကျော်ကနေ ကိုးနာရီ ခွဲလောက်အထိ ဖားကန့်မြို့နယ်က ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။